Loading...

LASIK နည်းပညာ အမျိုးအစားများ

အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

NV LASIK

NV LASIK

Near Vision LASIK

မျက်လုံးတစ်ဖက် (ပိုမိုအားကောင်းသောအခြမ်း) ကို အဝေးမြင်နိုင်ရန်အတွက် အပြည့်ကုသပြီး အခြားတစ်ဖက်ကို အနီးမြင်နိုင်ရန်ကုသမှာဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်မှာ အဝေးပါဝါကို အနည်းငယ်ချန်ပေးပြီး အနီးကြည့်အတွက်မျက်မှန်မလိုဘဲ ကောင်းစွာမြင်စေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် စာဖတ်ခြင်းကဲ့သို့ အနီးကြည့်ရတဲ့အလုပ်များအတွက် စာကြည့်မျက်မှန်အပေါ် မှီခိုစရာမလိုအောင် ကုသနိုင်ပါတယ်။ NV LASIK မှာ အဝေးကြည့်အတွက် ကြည်လင်ပြတ်သားမှုအနည်းငယ်ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ မျက်မှန်အပါးတစ်လက် ဆောင်ထားခြင်းက အထောက်အထူပြုဖြစ်မှာပါ။ စာဖတ်ရမှာ အခက်ပြန်ကြုံလာရတဲ့အခါမှာတော့ မျက်မှန်အသစ်တစ်စုံ ပြုလုပ်ထားဖို့လိုကောင်းလိုနိုင်ပါတယ်။ 

NV LASIK ကုသမှုအဆင့်များ

  1. Microkeratome ကိုသုံးပြီး မျက်ကြည်လွှာအပေါ်မှာ အလွှာပါးလေးတစ်ခု ဖန်တီးခြင်း
  2. ဖန်တီးထားတဲ့အလွှာလေးကို စနစ်တကျလှန်တင်ပေးခြင်း
  3. Excimer Laser နဲ့ Refractive  Error ကို ပြန်လည်ပြုပြင်ကုသပြီး မျက်ကြည်လွှာကို ပုံမှန်အနေအထားပြန်ဖြစ်စေခြင်း

 

NV LASIK ကုသမှုအဆင့်များ

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :