Children's Eye Center
အညင်သာဆုံး နောက်ဆုံးပေါ်လေဆာအသုံးပြုထားတဲ့ No-Blade LASIK အမျိုးအစားဖြစ်ပါတယ်။ Low Energy Concept ကို အခြေခံထားပြီး LASIK ကုထုံးဖြစ်တာကြောင့် မျက်မှန်ပါဝါကို ကုသတဲ့အခါမှာ အဝေးမှုန်၊ အနီးမှုန်နှင့် ဆလင်ဒါပါဝါတွေကိုပါ ကုသနိုင်စေပါတယ်။
➡️ Low Energy Concept ဖြင့် အညင်သာဆုံး Nanojoules-Powered Femtosecond လေဆာအသုံးပြုခြင်း
➡️ AI (Artificial Intelligence) အထောက်အကူပါဝင်ခြင်း
➡️ ကုသရာမှာ Real-Time OCT Scan အသုံးပြုခြင်း
➡️ Aspheric Optimization Feature ကြောင့် အမြင်အာရုံကို ပိုမိုကြည်လင်ပြတ်သားစေခြင်း
➡️ Advanced Wavefront Optimization Feature ကြောင့် အလင်းယိုင်ခြင်းကို ပြုပြင်ရာမှာ ပိုမိုတိကျမှန်ကန်စေခြင်း
➡️ မျက်လုံးရဲ့ သေးငယ်သောလှုပ်ရှားမှုလေးတွေကိုပါ ထောက်လှမ်းနိုင်တဲ့ Tracking Sensor ပါဝင်ခြင်း
➡️ မျက်ကြည်လွှာအတွက် အညင်သာဆုံးလေဆာဖြင့် ကုသတာကြောင့် Recovery အတွက် အချိန်ပေးရတာကို သိသိသာလျှော့ချနိုင်ပြီး အမြင်အာရုံကြည်လင်ပြတ်သားမှုကိုလည်း ၂၄ နာရီ (သို့) အဲ့ထက်ပိုမြန်တဲ့နာရီပိုင်းအတွင်းမှာတင် ခံစားရစေပါတယ်။
➡️ သေးငယ်တဲ့ Point လေးတစ်ခုကအစ အရေးကြီးတဲ့ မျက်စိလေဆာကုသမှုအတွက် တိကျမှုကိုအမြင့်ဆုံးဖြစ်စေဖို့ AI နှင့် Real-Time OCT Scan တို့လို အဆင့်မြင့်နည်းပညာတွေကြောင့် ဘေးကင်းစိတ်ချရမှုကို ခံစားရမှာဖြစ်ပါတယ်။
➡️ လေဆာပါဝါကို လျှော့ချနိုင်ပြီး AI နည်းပညာအထောက်အကူပါဝင်တဲ့အတွက် မျက်မှန်ပါဝါများတဲ့ မျက်လုံးကျန်းမာရေးအနေအထားတွေမှာပါ Full Correction (ပါဝါမကျန်အောင် ကုသပေးနိုင်ခြင်း) ရရှိနိုင်ဖို့ ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပါတယ်။
➡️ ကုသမှုအပြီးရရှိလာတဲ့ အမြင်အာရုံရလဒ်မှာ တစ်ဦးချင်းအလိုက်အကောင်းဆုံးပြန်လည်ကြည်လင်ပြတ်သားနိုင်မယ့် အနေအထားကို ရရှိစေပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230