Laser Vision Team Takes Center Stage at Ziemer International Symposium 2024
Laser Vision ၏တည်ထောင်သူဖြစ်တဲ့ Medical Director, Assoc. Professor Dr. Anun Vongthonsri ဦးဆောင်ပြီး Assoc. Professor Dr. Wiwan Sansanayudh, Dr. Rosanun Sikarinkul တို့ပါဝင်တဲ့ ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အတွင်း Le Meridien Phuket Beach Resort တွင် ကျင်းပခဲ့သည့် Ziemer International Symposium 2024 ကိုတက်ရောက်ပေးရန် အထူးဖိတ်ကြားခြင်းခံရပါတယ်။
ဒီဆေးပညာအထူးနှီးနှောဖလှယ်ပွဲကို ဆေးဘက်ဆိုင်ရာနည်းပညာအထူးပြုကုမ္ပဏီတစ်ခုဖြစ်ပြီး ပြင်းအားအနည်းဆုံး Femtosecond လေဆာစက်ပစ္စည်းများကို ထုတ်လုပ်နေတဲ့ Ziemer Group မှစီစဥ်ခဲ့တာပါ။ အမြင်အာရုံကုသမှုအပိုင်းမှာ Indudry Leader အဖြစ်ရပ်တည်နေပြီး မျက်စိကုသမှုဆရာဝန်ကြီးများအတွက် အလွန်အထောက်အကူဖြစ်စေတဲ့ AI နည်းပညာကိုအသုံးပြုနေတဲ့ ကမ္ဘာပထမဆုံးသောနည်းပညာကုမ္ပဏီလည်း ဖြစ်ပါတယ်။
အခမ်းအနားတွင် ဆေးဘက်ဆိုင်ရာအသိပညာများကိုမြှင့်တင်ရန် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အမြင်အာရုံထိန်းသိမ်းခြင်းဆိုင်ရာနည်းပညာများနှင့် အတွေ့အကြုံများကို မျှဝေကြပြီး အာရှတစ်ဝှမ်းရှိ နိုင်ငံအများအပြားမှ မျက်စိအထူးကုဆရာဝန်များလည်း ဒီနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230