မျက်လုံး ကျန်းမာရေး : #AMD

Sort

What is SMILE Pro™ 2.0?

မျက်မှန်မပါဘဲ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကိုပြန်လည်ရယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ သင့်ဘဝအတွက် အပြောင်းအလဲကြီးတစ်ခုပါပဲ။  မျက်မှန်အမြဲတပ်ထားရလို့ စိတ်ရှုပ်ရတာတွေ၊ မျက်ကပ်မှန်ကြောင့် အဆင်မပြေ၊ ကသိကအောက်ဖြစ်ရတာတွေကို စွန့်လွှတ်ပြီး ကြည်လင်တဲ့အမြင်အာရုံကို လိုချင်ကြတာ သဘာဝပါပဲ။  ဒါပေမဲ့ တကယ်လုပ်တော့မယ်ဆိုရင် လူတိုင်းမှာ စိုးရိမ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ဒါက  "တကယ်ပဲ ဘေးကင်းရဲ့လား? နာမှာလား? အနားယူချိန် ဘယ်လောက်ပေးရမလဲ?" ၂၀၂၆ ခုနှစ်မှာ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေရှိနေပါပြီ။  FemtoLASIK, ReLExSMILE တို့လိုနည်းလမ်းတွေဟာ အကောင်းဆုံးစံနှုန်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ SMILE Pro™ 2.0 ဟာ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို လိုချင်သူတွေအတွက် အယုံကြည်ရဆုံး နည်းပညာဖြစ်လာခဲ့ပါပြီ။ SMILE Pro™ ဆိုတာ ဂျာမနီနိုင်ငံထုတ် Carl ZEISS Visumax 800 စက်ကို အသုံးပြုပြီး အလွန်မြန်ဆန်တိကျတဲ့ လေဆာနဲ့ ကုသပေးတဲ့ နောက်ဆုံးပေါ် နည်းပညာဖြစ်ပါတယ်။ သင်ဟာ SMILE နည်းလမ်းနဲ့ မျက်မှန်ပါဝါ‌ဖျောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီဆောင်းပါးက SMILE Pro™ 2.0 ရဲ့ အားသာချက်တွေကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ SMILE Pro™ ဆိုတာ ဘာလဲ? မျိုးဆက်သစ် လေဆာမျက်စိကုသမှုတစ်မျိုးဖြစ်တဲ့ SMILE (Small Incision Lenticule Extraction) ကို အခြေခံပြီး SMILE Pro™ 2.0 မှာတော့ ZEISS VisuMax 800 စက်ကို အသုံးပြုထားပါတယ်။ ဒီစက်ဟာ အချိန်ကုန်သက်သာစေရုံတင်မကဘဲ Digital စနစ်နဲ့ အလွန်တိကျတဲ့ CentraLign® နဲ့ OcuLign® နည်းပညာတွေ ပါဝင်လာပါတယ်။ ရိုးရိုး LASIK နဲ့ မတူတဲ့အချက်ကတော့ မျက်ကြည်လွှာမှာ Corneal Flap လုပ်စရာမလိုတာပါ။ ယင်းအစား အလွန်တိကျတဲ့ လေဆာနဲ့ မျက်ကြည်လွှာအတွင်းပိုင်းမှာ အလွန်သေးငယ်တဲ့ တစ်သျှူးလေး (Lenticule) ကို ဖန်တီးပြီး ၂ မီလီမီတာကနေ ၄ မီလီမီတာလောက်ပဲရှိတဲ့ အပေါက်လေးကနေ ထုတ်ယူလိုက်ခြင်းဖြင့် မျက်မှန်ပါဝါကို ကုသလိုက်တာပဲဖြစ်ပါတယ်။  SMILE Pro™ 2.0 ရဲ့ အကျိုးကျေးဇူးများ   ✅ မျက်ကြည်လွှာထိခိုက်မှု အနည်းဆုံးဖြစ်ခြင်း (Minimal Disruption) - ခွဲစိတ်ရာ အလွန်သေးငယ်တဲ့အတွက် မျက်ကြည်လွှာရဲ့ တည်ဆောက်ပုံကို ပိုမိုခိုင်မာစေပါတယ်။   ✅ လျင်မြန်စွာ ပြန်လည်သက်သာခြင်း (Rapid Recovery) - လူနာအများစုဟာ ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာပဲ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။ ကုသမှုအပြီးမှာ မျက်စိအလွန်စူးခြင်းမျိုး မခံစားရခြင်း၊ သက်‌သောင့်သက်သာမဖြစ်ခြင်း၊ ကြာရှည်အနားယူစရာမလိုခြင်းတို့ကြောင့် မျက်စိလေဆာပစ်ခြင်းအတွေ့အကြုံက ထင်သလောက်ကြောက်စရာမကောင်းနေတာကို ဒီလိုနောက်ဆုံးပေါ်နည်းပညာတွေမှာ တွေ့မြင်ရလေ့ရှိပါတယ်။   ✅ ကုသမှုဟာ နာကျင်မှုမရှိသလောက်ဖြစ်ပြီး လေဆာပစ်ချိန်ဟာ မျက်စိတစ်ဖက်ကို ၁၀ စက္ကန့်အောက် (၈ စက္ကန့်ခန့်) သာ ကြာမြင့်တဲ့အတွက် လူနာအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။     SMILE Pro™ 2.0 က တိကျမှုအတွက် ဘယ်လိုလုပ်ဆောင်ပေးလဲ? မျက်စိခွဲစိတ်မှုအပါအဝင် ခွဲစိတ်မှုအတော်များများမှာ လူတွေအကြောက်ဆုံးက (Human Error) ပါပဲ။ SMILE Pro™ 2.0 ကတော့ Digital Flow နဲ့ ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။   🔝 Seamless Data Transfer - တိုင်းတာထားတဲ့ မျက်စိဒေတာတွေကို စက်ထဲကို တိုက်ရိုက်ပို့ပေးတဲ့အတွက် ကိုယ်တိုင်ဒေတာတွေ ထည့်ရတဲ့အခါ ဖြစ်တတ်တဲ့ အမှားအယွင်းတွေကို ဖယ်ရှားပေးပါတယ်။   🔝 CentraLign® System -  လေဆာပစ်မယ့်နေရာကို သင့်မျက်စိရဲ့ အလင်းဗဟို (Visual Center) နဲ့ အတိအကျဖြစ်အောင် ချိန်ညှိပေးတဲ့အတွက် အမြင်အာရုံ ပိုမိုပြတ်သားစေပါတယ်။   🔝 OcuLign® System - သင် လှဲအိပ်လိုက်တဲ့အခါ မျက်စိဟာ ကမ္ဘာမြေဆွဲအားကြောင့် အနည်းငယ် လည်ပြီး ရွေ့လျားတတ်ပါတယ်။ ဒီစနစ်က အဲဒီလိုလည်သွားတာကိုပါ အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် ဆလင်ဒါရှိသူတွေအတွက် အမြင့်မားဆုံးတိကျမှု ရစေပါတယ်။ Photo courtesy of Carl Zeiss Co., Ltd The Competitive Edge: SMILE Pro™ 2.0 vs ReLEx SMILE နည်းပညာ စတင်သောနှစ် Laser စက် အဓိက အားသာချက်များ  ReLEx SMILE 2011 VisuMax 500 ပထမမျိုးဆက်ဖြစ်ပြီး လေဆာပစ်ချိန် ၂၃ စက္ကန့်ခန့် ကြာမြင့်ပါတယ်။ SMILE Pro™ 2021 VisuMax 800 VisuMax 800 စက်ကို စတင်အသုံးပြုပြီး လေဆာပစ်ချိန် ၈ စက္ကန့်အထိ မြန်ဆန်လာပါတယ်။ SMILE Pro™ 2.0 2025 VisuMax 800 Digital Workflow စနစ်၊ Cloud နှင့် Big Data တို့ကို ပေါင်းစပ်ထားပြီး CentraLign® နှင့် OcuLign® တို့လို AI စနစ်များကြောင့် အတိကျဆုံးသော ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ SMILE Pro™ 2.0 ဟာ မြန်ဆန်မှု၊ တิကျမှုနဲ့ AI-driven planning (AI စနစ်သုံး ကုသမှုပုံစံ) တို့ကို ပေါင်းစပ်ထားတဲ့ အဆင့်မြင့်နည်းပညာတစ်ခု ဖြစ်ပါတယ်။ ၂၈ နှစ်တာ အတွေ့အကြုံနှင့် ခေတ်မီနည်းပညာတို့၏ ပေါင်းစပ်မှု နည်းပညာတင်မကဘဲ မျက်စိဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ဆေးရုံရဲ့ စံချိန်စံညွှန်းကလည်း အလွန်အရေးကြီးပါတယ်။ Laser Vision International LASIK Center မှာတော့ မျက်လုံးပေါင်း တစ်သိန်းကျော်ကို အောင်မြင်စွာ ကုသပေးခဲ့ပြီးတဲ့ ၂၈ နှစ်တာ အတွေ့အကြုံရှိ ကျွမ်းကျင်မျက်စိဆရာဝန်ကြီးများက ကုသပေးနေတာ ဖြစ်ပါတယ်။ ဘန်ကောက်မျက်စိအထူးကုဆေးရုံကြီးဟာ အမေရိကန်နိုင်ငံရဲ့ AACI စံချိန်စံညွှန်း အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပါတယ် Q : SMILE Pro™ 2.0 က ဘယ်သူတွေနဲ့ သင့်တော်တာလဲ? A : အကောင်းဆုံးကတော့ မျက်စိစမ်းသပ်မှု အရင်ခံယူကြည့်ဖို့ပါပဲ။ သင့်မျက်ကြည်လွှာ အထူအပါး၊ မျက်စိကျန်းမာရေးနဲ့ နေထိုင်မှုပုံစံပေါ်မူတည်ပြီး အသင့်တော်ဆုံး ကုသမှုကို ဝါရင့်မျက်စိဆရာဝန်ကြီးတွေက အကြံပြုပေးသွားမှာပါ။   Q : ဒီကုသမှုက ဘေးကင်းရဲ့လား? A : ZEISS ရဲ့ SMILE နည်းပညာဟာ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်းသန်းနဲ့ချီ ကုသမှုခံယူပြီးသားဖြစ်လို့ ဘေးကင်းမှုအတွက် စိတ်ချရပါတယ်။ Laser Vision မှာဆိုရင် လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အသေးစိတ်စစ်ဆေးဆွေး‌နွေးပေးပါတယ်။   Q : ပြန်လည်သက်သာဖို့ ဘယ်လောက်ကြာမလဲ? A : များသောအားဖြင့် ၁ ရက်ကနေ ၂ ရက်အတွင်းမှာတင် ကားမောင်းတာနဲ့ အခြားသောလုပ်ငန်းဆောင်တာများကိုလည်း ကုသမှုတာဝန်ခံဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင်း ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။             *ဗီဒီယို မပေါ်ပါက ဒီနေရာကို နှိပ်ပါ မျက်မှန်ပါဝါကို လေဆာနဲ့ဖျောက်ဖို့ အကောင်းဆုံးကုသမှုနည်းလမ်းကို ရှာဖွေနေတယ်ဆိုရင် 💭   Corneal & Refractive Surgery Specialist တွေနဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာက ဘယ်နည်းလမ်းတွေက ကိုယ်နဲ့ သင့်တော်မှု ရှိမရှိကို တိတိကျကျ သိနိုင်သလို၊ Laser Vision မှာဆိုရင် မျက်စိလေဆာပစ်ခြင်းအတွက် နောက်ဆုံးပေါ်နည်းပညာတွေအားလုံးကို တစ်နေရာတည်းမှာ ရွေးချယ်ကုသမှုခံယူနိုင်ပါတယ်။  Laser Vision International LASIK Centre at Bangkok Eye Hospital Chat on Viber မြန်မာဘာသာဖြင့် ဆွေးနွေးတိုင်ပင်လိုက်ပါ
Read More
Cataract Center
Laser Vision LASIK Center

Understanding Age-Related Eye Health Issues and Care

Understanding Age-Related Eye Health Issues and Care As we age, it's natural to prioritize physical health, working diligently to prevent diseases such as diabetes, heart conditions, and high blood pressure. However, one aspect that often gets less attention is our eye health. Surprisingly, a survey by The International Agency for the Prevention of Blindness (IAPB) revealed that a significant 80% of individuals over the age of 50 experience various eye problems, with some facing the daunting prospect of blindness.   Age-Related Eye Problems   1. Presbyopia: The Age-Related Vision Challenge This age-related vision issue, known as presbyopia, typically emerges in one's early 40s or later. It's akin to looking through a foggy window, causing a decline in sharpness, particularly noticeable when driving at night.   2. Glaucoma: The Silent Thief of Sight Glaucoma, characterized by elevated eye pressure, stiffens the eye, affecting peripheral vision while retaining central vision. There are two main types: closed-angle and open-angle glaucoma. Closed-angle glaucoma is more prevalent in elderly women, causing sudden eye pain and blurred vision, necessitating immediate attention. In contrast, chronic open-angle glaucoma is often asymptomatic, making regular eye exams crucial for early detection.   3. Age-Related Macular Degeneration (AMD): A Leading Cause of Vision Loss Age-Related Macular Degeneration (AMD) is a significant contributor to vision loss in the elderly. It starts with clear peripheral vision but blurry central vision due to macular tissue abnormalities. It often has a hereditary component and is associated with risk factors such as high blood pressure, high cholesterol, obesity, and smoking.   Other Eye Health Concerns   4. Floaters: Understanding Those Pesky Spots Floaters, those small dark spots or streaks in your vision, can resemble flying insects. These result from changes in the vitreous substance inside the eye. While they're usually harmless, an excessive amount, accompanied by decreased vision, should prompt a visit to an ophthalmologist.   5. Cataracts: The Clouding of Vision Cataracts, the clouding of the eye's lens leads to reduced vision. Cataracts are common among the elderly and can be related to aging, diabetes, high blood pressure, and smoking. Surgical removal is often necessary when they significantly impair vision.   Regular Eye Health Check-ups Just like overall physical health, it's vital to schedule regular eye check-ups, at least annually, with a specialist.   Conclusion: Optimizing Eye Health in Your Golden Years In your pursuit of a healthy and fulfilling life as you age, don't overlook the significance of eye health. By understanding common age-related eye issues and the importance of regular check-ups, you can safeguard your vision and enjoy a vibrant, active lifestyle well into your golden years.        

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :