Blogs Bangkok Eye Hospital
Back
LASIK Eye Surgery နည်းပညာများစွာထဲက Nano နည်းပညာအားသာချက်များ


မျက်မှန်လေးကို 
Bye Bye လုပ်ဖို့ မျက်စိလေဆာပစ်မယ်ဆိုရင် ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ 






မျက်စိလေဆာပစ်ခြင်း - ကုသမှုပုံစံ

မျက်စိလေဆာပစ်ခြင်းဆိုတာ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုစရာမလိုတော့ဘဲ ကြည်လင်ပြတ်သားတဲ့အမြင်အာရုံကို ပြန်လည်ရယူပေးနိုင်တဲ့ကုသမှုနည်းလမ်းဖြစ်ပါတယ်။ ကုသမှုပုံစံကတော့ မျက်ကြည်လွှာအပေါ်မှာ လေဆာအသုံးပြုပြီး အမြင်မှုန်ဝါးခြင်းကိုဖြစ်စေတဲ့ မျက်ကြည်လွှာပုံသဏ္ဍာန်ကို ပြုပြင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကုသမှုအပြီးမှာတင် မျက်မှန်မပါဘဲကြည်လင်တဲ့အမြင်အာရုံကို ရရှိစေပါတယ်။

 

ကုသမှုခံယူလို့ရနိုင်၊ မရနိုင် ဘယ်လိုသိနိုင်မလဲ?

ကုသမှုခံယူလို့ရနိုင်တဲ့ Eligible Candidate တွေဟာ အသေးစိတ်မျက်စိစမ်းသပ်စစ်ဆေးခြင်း (Complete Eye Examination) အဆင့်ဆင့်ကို ကျော်ဖြတ်ရပါတယ်။ နောက်ဆုံးမှာ ကုသမှုဆိုင်ရာဝါရင့် LASIK Surgeon ကြီးတွေကိုယ်တိုင်ထပ်မံစစ်ဆေးပြီးမှ ကုသမှုအတွက်သင့်လျော်မှု၊ အကောင်းဆုံးပြန်လည်ရရှိနိုင်မယ့် အမြင်အာရုံအနေအထား အစရှိတာတွေကို အတည်ပြုပေးတာဖြစ်ပါတယ်။

 

မျက်စိလေဆာကုသမှုရဲ့ မျိုးဆက်သစ်နည်းပညာများ 

ထိုင်းနိုင်ငံမှာ ပထမဆုံး Smart Eye Hospital ဖြစ်တဲ့ Bangkok Eye Hospital ရဲ့ LASER VISION မှာဆိုရင် ဒီအဆင့်တွေအားလုံးအတွက် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်စစ်ဆေးပေးပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူပါဝင်တဲ့ စက်ကိရိယာတွေကိုသာ ရွေးချယ်အသုံးပြုထားတာကြောင့် ဘေးကင်းလုံခြုံမှုနှင့် တိကျသေချာတဲ့ရလဒ်တစ်ခုကိုပါ အာမခံပေးနိုင်ပါတယ်။

 

LASER VISION ရဲ့ မျိုးဆက်သစ်နည်းပညာဖြစ်တဲ့ NanoLASIK နဲ့ NanoRelex ဟာလည်း မျက်စိလေဆာကုသခြင်းအတွက် အဆင့်မြင့်အနာဂတ်နည်းပညာတွေဖြစ်ပါတယ်။


သမာရိုးကျနည်းလမ်းများနှင့်မတူတဲ့ ကွာခြားချက်များ

  1. တိကျညင်သာပြီး သက်သောင့်သက်သာအဖြစ်ဆုံး မြန်ဆန်တဲ့ကုသမှုဖြစ်စေဖို့ Nanojoules-Powered Femtosecond Laser၊ ဒီလေဆာအမျိုးအစားဟာ ပြင်းအားအနည်းဆုံးဖြစ်အောင် လျှော့ချထားလို့ မျက်ကြည်လွှာအတွက် အထူးဘေးကင်းသင့်လျော်ပါတယ်။

  2. ကုသမှုအဆင့်တိုင်းအတွက် AI အထောက်အကူပါဝင်ခြင်း၊ ဥပမာအားဖြင့် - မျက်လုံးရဲ့ လှုပ်ရှားမှုအလိုက် တွက်ချက်တုံ့ပြန်ပေးနိုင်မယ့် AI Eye Tracking နည်းစနစ်

  3. ကုသနေစဥ်တစ်လျှောက်လုံး အရေးကြီးတဲ့ကုသမှုဧရိယာတွေကို မြေပုံသဖွယ်တိုက်ရိုက်ကြည့်ရှုတွက်ချက်နိုင်စေမယ့် Real-Time OCT Scan အစရှိသဖြင့် မျက်လုံးအတွက် အထူးကောင်းမွန်သက်သောင့်သက်သာရှိစေနိုင်တဲ့ နည်းပညာတွေကို စနစ်တကျအသုံးပြုကုသတာဖြစ်ပါတယ်။

 

ကုသမှုခံယူပြီးသူများရဲ့ Feedbacks

ဒီနည်းပညာကုသမှုခံယူပြီးသူများဟာ ကုသမှုအပြီးနောက်ရက်မှာတင် မျက်မှန်တပ်နေတဲ့ အခြားသောမိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းများကို မျက်စိလေဆာပစ်ဖို့ ညွှန်းဆိုပေးတဲ့အထိ ပျော်ရွှင်စိတ်ကျေနပ်မှုကို တွေ့မြင်ရလေ့ရှိပါတယ်။ ကြည်လင်တဲ့အမြင်အာရုံကို ကုသမှုအပြီးမှာတင် စတင်ခံစားရပြီး နောက်တစ်နေ့မျက်လုံးအကာခွာချိန်မှာ 20/20 Vision အနေအထားအထိ ကြည်လင်ပြတ်သားနေခြင်းက Nano နည်းပညာများရဲ့ အဓိကအချက်ပါပဲ။ 

NanoLASIK Patient Feedback on Laser Vision's Official Page
NanoLASIK Patient Feedback on Laser Vision's Official Page

ကုသမှုအတွက် ဆက်သွယ်စုံစမ်းရန် (သို့) ရက်ချိန်းရယူရန်

💬 Messenger: https://bit.ly/laservisionmyanmarofficialpage 

 

📱Viber (Myanmar Consultant): +66965426179

 

📍Address (Find Us Here)

Bangkok Eye Hospital, 10/989, 33 ถนน ประเสริฐมนูกิจ แขวงนวลจันทร์ เขตบึงกุ่ม กรุงเทพมหานคร 10240

 

Bangkok Eye Hospital, 10/989, 33 Prasertmanukit Road Nuanchan Subdistrict, Bueng Kum District, Bangkok 10240

calling
Contact Us : +66 84 979 3594