Loading...
Back
Retina Center
မြင်လွှာကွာခြင်း (Retinal Detachment) - အကြောင်းရင်း၊ ရောဂါလက္ခဏာ နှင့် နောက်ဆုံးပေါ်ကုသမှုများ

 

မြင်လွှာ (Retina) ဆိုတာဘာလဲ?

မြင်လွှာဆိုတာ မျက်လုံးရဲ့ နောက်ဘက်မှာရှိတဲ့ အလင်းရောင်ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတစ်ရှူးအလွှာ ဖြစ်ပါတယ်။ သူက အလင်းရောင်ကို လျှပ်စစ်အချက်ပြအဖြစ် ပြောင်းလဲပြီး ဦးနှောက်ဆီ ပို့ပေးပါတယ်။ ဦးနှောက်က အဲ့ဒီအချက်ပြတွေကို အဓိပ္ပာယ်ဖော်ပြီး အမြင်အာရုံကို ရရှိစေတာပါ။ ဒါကြောင့် ကောင်းမွန်တဲ့ အမြင်အာရုံအတွက် မြင်လွှာက ကျန်းမာနေဖို့ အလွန်အရေးကြီးပါတယ်။

 

 

မြင်လွှာကွာခြင်း (Retinal Detachment)

ဒါဟာ မျက်လုံးအတွင်းမှာ မြင်လွှာက သူ့ရဲ့နေရာမှန်ကနေ ကွာထွက်သွားတဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ မြင်လွှာကွာသွားတဲ့အခါ သူ့ကို အောက်ဆီဂျင် (Oxygen) နဲ့ အာဟာရတွေ ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားပါတယ်။ ဒီလိုဖြစ်တဲ့အခါ မြင်လွှာကဆဲလ်တွေဟာ တဖြည်းဖြည်း သေဆုံးသွားပြီး အမြန်ဆုံးကုသမှုမခံယူရင် အမြင်အာရုံကို အပြီးတိုင် ဆုံးရှုံးနိုင်ပါတယ်။

 

မြင်လွှာကွာခြင်းဟာ အသက် ၄၀ မှ ၇၀ ကြား လူတွေမှာ အဖြစ်များပေမဲ့၊ အဝေးမှုန်ဒီဂရီ အလွန်များသူတွေနဲ့ မျက်လုံးထိခိုက်ဒဏ်ရာရဖူးသူတွေမှာတော့ အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။

 

အထူးသတိပြုရန်- ဘယ်လိုအသက်အရွယ်မှာမဆို၊ မျက်စိရှေ့မှာ လျှပ်စီးလက်သလို၊ အမှုန်အမွှားတွေ ရုတ်တရက် အများကြီးမြင်လာသလို၊ ဒါမှမဟုတ် အရိပ်မည်းတစ်ခုက ကွယ်လာသလို ခံစားရရင် ချက်ချင်း မျက်စိအထူးကုဆရာဝန်နဲ့ ပြသပြီး မြင်လွှာကို အရေးပေါ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

 

 

မြင်လွှာကွာခြင်း အမျိုးအစားများ

 

Rhegmatogenous (RRD)

အဖြစ်အများဆုံး အမျိုးအစားပါ။ မြင်လွှာမှာ အပေါက် ဒါမှမဟုတ် အက်ကြောင်းဖြစ်ပြီး အဲ့ဒီနေရာကနေ မျက်လုံးအတွင်းက ဂျယ်လီရည် (Vitreous) တွေ စိမ့်ဝင်ကာ မြင်လွှာကို တွန်းကန်ပြီး ကွာစေတာ ဖြစ်ပါတယ်။

 

Tractional (TRD)

မြင်လွှာမျက်နှာပြင်ပေါ်က အမာရွတ်တစ်ရှူးတွေက ဆွဲဆန့်ခြင်းကြောင့် မြင်လွှာကွာသွားတာပါ။ ပြင်းထန်တဲ့ ဆီးချိုမျက်စိရောဂါ (Diabetic Retinopathy) ရှိသူတွေမှာ အဖြစ်များပါတယ်။

 

Exudative (ERD)

မြင်လွှာမှာ အပေါက်မရှိဘဲ မျက်လုံးအတွင်း ရောင်ရမ်းမှု၊ အလုံးအကျိတ် သို့မဟုတ် ထိခိုက်ဒဏ်ရာကြောင့် မြင်လွှာအောက်က သွေးကြောတွေကနေ အရည်စိမ့်ထွက်ပြီး မြင်လွှာကို တွန်းတင်သလိုဖြစ်ကာ ကွာစေတာ ဖြစ်ပါတယ်။

 

 

ဖြစ်နိုင်ခြေပိုများစေသော အကြောင်းရင်းများ

  • အဝေးမှုန်ပါဝါ အလွန်များခြင်း (High Myopia)
  • မျက်လုံးတစ်ဖက်တွင် မြင်လွှာကွာဖူးခြင်း
  • မိသားစုမျိုးရိုးတွင် မြင်လွှာကွာဖူးသူရှိခြင်း
  • မျက်လုံးကို ပြင်းထန်စွာ ထိခိုက်မိခြင်း
  • Lattice Degeneration ဟုခေါ်သော မြင်လွှာပါးသည့် နေရာများရှိခြင်း

 

ချက်ချင်းကုသမှုခံယူရန် လိုအပ်သော ရောဂါလက္ခဏာများ

  • မျက်စိရှေ့မှာ အမှုန်အမွှားတွေ၊ ပင့်ကူအိမ်လို အမျှင်တွေ ရုတ်တရက် အများကြီးမြင်လာခြင်း
  • လျှပ်စီးလက်သလို အလင်းရောင်များ ရုတ်တရက်မြင်လာခြင်း (အထူးသဖြင့် ဘေးဘက်အမြင်အာရုံမှာ မြင်နေရခြင်း)။
  • လိုက်ကာ၊ ဒါမှမဟုတ် အရိပ်မည်းတစ်ခုက အမြင်အာရုံကို လာကွယ်သလို ခံစားရခြင်း။
  • အမြင်အာရုံ ရုတ်တရက် ဝါးသွားခြင်း သို့မဟုတ် ပုံရိပ်များပုံပျက်သွားခြင်း။

 

ရောဂါရှာဖွေစစ်ဆေးခြင်း

မျက်စိအထူးကုဆရာဝန်က မျက်စိသူငယ်အိမ်ချဲ့တဲ့ မျက်စဥ်းခပ်ပြီး အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးများဖြင့် မြင်လွှာတစ်ခုလုံးကို စစ်ဆေးပါလိမ့်မယ်။ အကယ်၍ မျက်လုံးအတွင်း သွေးထွက်နေလို့ မြင်လွှာကို ရှင်းရှင်းလင်းလင်း မမြင်ရရင် Ocular Ultrasound (အာထရာဆောင်း) ရိုက်ပြီး စစ်ဆေးရနိုင်ပါတယ်။

 

 

Vitrectomy ဖြင့် ခွဲစိတ်ကုသခြင်း

မြင်လွှာကွာသွားပါက ခွဲစိတ်ကုသရန် လိုအပ်ပါသည်။

 

Vitrectomy (with PPV Endolaser): ဒါဟာ ယနေ့ခေတ်မှာ အသုံးအများဆုံးနဲ့ အဆင့်အမြင့်ဆုံး ခွဲစိတ်ကုသမှုနည်းလမ်း ဖြစ်ပါတယ်။ Pars Plana Vitrectomy (PPV) လို့လည်း ခေါ်ပါတယ်။ ဒီနည်းလမ်းမှာ မျက်လုံးပေါ်မှာ အလွန်သေးငယ်တဲ့ အပေါက်လေးတွေ ဖောက်ပြီး သေးငယ်တဲ့ ကိရိယာတွေ ထည့်သွင်းကာ မြင်လွှာကို ဆွဲထားတဲ့ ဂျယ်လီရည် (Vitreous) ကို ဖယ်ရှားပါတယ်။ မြင်လွှာကို နေရာတကျ ပြန်ခင်းပြီးတဲ့နောက်မှာ မျက်လုံးအတွင်းထဲကနေ လေဆာတံ (Endolaser) ကို အသုံးပြုပြီး မြင်လွှာအပေါက်တွေကို "ဂဟေဆော်သလို" ပိတ်ပေးပါတယ်။ နောက်ဆုံးမှာတော့ မြင်လွှာကို နေရာတကျ ကပ်နေစေဖို့ Gas Bubble ဒါမှမဟုတ် Silicone Oil ထည့်သွင်းပြီး ခွဲစိတ်မှုကို အဆုံးသတ်ပါတယ်။

 


 

ခွဲစိတ်ပြီးနောက် လိုက်နာရမည့် အရေးကြီးညွှန်ကြားချက်များ

 

  • အနေအထား: မျက်လုံးထဲ Gas Bubble ထည့်ထားပါက ဆရာဝန်ညွှန်ကြားသည့် အနေအထား (ဥပမာ - မှောက်အိပ်ခြင်း) အတိုင်း တိကျစွာနေထိုင်ရပါမည်။
  • ခရီးသွားခြင်း/အမြင့်တက်ခြင်း: Gas Bubble လုံးဝစုပ်ယူမသွားမချင်း လေယာဉ်မစီးရ၊ တောင်တက်ခြင်း၊ အမြင့်ပိုင်းဒေသများသို့ မသွားရ။
  • လှုပ်ရှားမှု: ဆရာဝန်ခွင့်မပြုမချင်း ပြင်းထန်သော အားကစား၊ အလေးအပင်မခြင်း၊ ခါးကုန်းခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။
  • မျက်စိကို ဂရုစိုက်ခြင်း: ညွှန်ကြားထားသော ဆေးရည်များကို မှန်မှန်ခတ်ပါ။ မျက်လုံးထဲ ရေမဝင်အောင် ဂရုစိုက်ပါ။
  • အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခြင်း: ခွဲစိတ်ပြီးချင်း အမြင်အာရုံချက်ချင်းမကြည်လင်ပါ။ ရက်သတ္တပတ်၊ လနှင့်ချီပြီး တဖြည်းဖြည်းသာ တိုးတက်လာမှာပါ။

 

 

သင်၏ အမြင်အာရုံကို ကာကွယ်ရန်

အထူးသဖြင့် ဖြစ်နိုင်ခြေများသူများအနေဖြင့် မျက်စိသူငယ်အိမ်ချဲ့ပြီး ပုံမှန်စစ်ဆေးပါ။ မျက်လုံးထိခိုက်နိုင်သော အားကစား သို့မဟုတ် အလုပ်များလုပ်သည့်အခါ အကာအကွယ်မျက်မှန် တပ်ဆင်ပါ။ အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ခံစားရပါက မျက်စိအထူးကုဆရာဝန်နှင့် ချက်ချင်းပြသပါ။

ကုသမှုမြန်ဆန်လေလေ၊ အမြင်အာရုံပြန်ကောင်းနိုင်ခြေ များလေလေ ဖြစ်ပါတယ်။ စစ်ဆေးကုသမှုခံယူဖို့ လုံးဝမနှောင့်နှေးပါနဲ့။

 

Bangkok Eye Hospital တွင် စစ်ဆေးကုသနိုင်ပါတယ်။ 

 

ထိုင်းနိုင်ငံရဲ့ ဝါရင့်ထိပ်တန်း မြင်လွှာအထူးကုဆရာဝန်ကြီးများထံမှာ Vitrectomy နည်းဖြင့် စစ်ဆေးကုသမှုခံယူလိုပါက အောက်ပါအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

📱 Viber (မြန်မာ): +66965426179

 

✉️ Messenger: m.me/100116029459253 

 

📍 လိပ်စာ:

10/989 Soi Prasert Manukitch 33, Nuanchan, Bueng Kum, Bangkok 10230, Thailand

 

🗺️ Google Map မှာရှာရန်: https://bit.ly/Bangkok-Eye-Hospital-Map-2024

ဆေးရုံတည်နေရာ

Retina Center - Bangkok Eye Hospital

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :