Refractive Lens Exchange (RLE) ကုသမှုအတွက် ပြီးပြည့်စုံသော အသေးစိတ်စစ်ဆေးခြင်းအတွက် ၃,၅၀၀ ဘတ် (ပုံမှန်စျေးနှုန်း ၁၂,၃၅၀ ဘတ်)
ယခုအထူးစျေးနှုန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ရက်ချိန်းယူပြီး စစ်ဆေးမှုခံယူသူများအတွက်သာ ဖြစ်ပါတယ်။
အသက် ၄၀ ကျော်လာပြီဆိုရင် သင့်ရဲ့အမြင်အာရုံ စတင်ပြောင်းလဲလာပါပြီ။
ဖုန်းကြည့်ဖို့၊ ကွန်ပျူတာသုံးဖို့၊ ဒါမှမဟုတ် စားသောက်ဆိုင်မှာ Menu ဖတ်ဖို့ အနီးကြည့်မျက်မှန်လိုလာတာကို Presbyopia (အသက်အရွယ်အရ အနီးမှုန်ခြင်း) လို့ခေါ်ပါတယ်။ ဒါဟာ သင့်မျက်လုံးထဲက အတွင်းမှန်ဘီလူး (lens) က အသက်အရွယ်အရ ပြောင်းလဲလာလို့ဖြစ်ပါတယ်။
LASIK သို့မဟုတ် SMILE လိုမျိုး လေဆာကုထုံးတွေက မျက်ကြည်လွှာ (Cornea) ကိုပဲ ပုံဖော်ကုသပေးနိုင်တဲ့အတွက် မျက်လုံးအတွင်းက မှန်ဘီလူး (lens) ရဲ့ အသက်အရွယ်အရ ပြောင်းလဲလာတာကို ဖြေရှင်းကုသပေးနိုင်မှာ မဟုတ်ပါဘူး။
Refractive Lens Exchange (RLE) ကုသမှုနည်းလမ်းကသာ ဒီပြဿနာကို ထိရောက်စွာဖြေရှင်းပေးနိုင်မှာပါ။
RLE ဆိုတာ ၁၅ မိနစ်ခန့်သာကြာမြင့်တဲ့ မျက်လုံးအတွင်းမှန်ဘီလူး (IOL) အစားထိုးထည့်သွင်းတဲ့ အဆင့်မြင့်ကုထုံးတစ်ခုပါ။
အိုမင်းလာတဲ့ မျက်လုံးမှန်ဘီလူး (lens) အစား၊ အဆင့်မြင့်နည်းပညာသုံး Trifocal သို့မဟုတ် Multifocal IOL (မျက်လုံးအတွင်းထည့် မှန်ဘီလူး) အသစ်တစ်ခုကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
ဒီတစ်သက်တာတာရှည်ခံမယ့် မှန်ဘီလူးအသစ်က သင့်ကို အနီး၊ အဝေး အကွာအဝေးအားလုံးမှာ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ပြန်လည်ရရှိစေမှာပါ။
ဒါဟာ "တစ်ကြိမ်တည်းနဲ့ ကောင်းကျိုးများစွာ ရရှိစေနိုင်တဲ့" ကုထုံးတစ်ခုပါ။ သင့်ရဲ့ မူလမှန်ဘီလူးကို ဖယ်ရှားလိုက်တာဖြစ်လို့၊ သင့်မှာ အတွင်းတိမ် (Cataract) လုံးဝ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
RLE ဟာ အဆင့်မြင့် ဆေးပညာကုထုံးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်း ကုသမှုခံယူဖို့ သင့်တော်နိုင်မှာ မဟုတ်ပါဘူး။
ဘန်ကောက်မျက်စိဆေးရုံရဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေက RLE ကုသမှုခံယူဖို့ အတည်မပြုမီ၊ ပြီးပြည့်စုံတဲ့ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှုတွေကို အရင်ပြုလုပ်ဖို့ အကြံပြုထားပါတယ်။
ဒါဟာ ရိုးရိုးမျက်မှန်ပါဝါစစ်တာမျိုး မဟုတ်ပါဘူး။ မျက်လုံးရဲ့ တည်ဆောက်ပုံကို အထူးစက်ကိရိယာတွေနဲ့ အသေးစိတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါမှသာ လုံခြုံပြီး တိကျသေချာတဲ့ ကုသမှုရလဒ်ကို ပေးစွမ်းနိုင်မှာပါ။
✅ Visual Acuity
✅ Computer Auto-refractometer
✅ Manifest Refraction by Refractionist
✅ Corneal Topography (Pentacam) – မျက်ကြည်လွှာ၏ ပုံသဏ္ဍာန်နှင့် အထူကို 3D Mapping ဖြင့် အသေးစိတ် တိုင်းတာခြင်း။
✅ Endothelial Cell Count – မျက်ကြည်လွှာ၏ ဆဲလ်ကျန်းမာရေးနှင့် ဘေးကင်းမှုကို သုံးသပ်ခြင်း။
✅ Automatic Tonometer – ရေတိမ်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း
✅ Optical Coherence Tomography (Retina)
✅ Fundus Photography
✅ Dilating Eye Examination (မျက်လုံးသူငယ်အိမ်ချဲ့၍ စစ်ဆေးခြင်း) – မျက်လုံးသူငယ်အိမ်ချဲ့ပြီးနောက် ဆရာဝန်မှ မြင်လွှာနှင့် အမြင်အာရုံကြောတို့ကို အသေးစိတ်စစ်ဆေးရန် ပြင်ဆင်ပေးခြင်း။
မျက်လုံး၏ အလုံးစုံကျန်းမာရေး အတည်ပြုပြီးနောက်၊ မှန်ကန်သော မှန်ဘီလူး (IOL) ကို ရွေးချယ်နိုင်ရန် အတိအကျ တိုင်းတာမှုများ ပြုလုပ်ခြင်း ဖြစ်ပါသည်။
✅ IOL Master (မျက်လုံးအတွင်းမှန်ဘီလူး တိုင်းတာခြင်း)
✅ ရရှိလာသောဒေတာများကို တွက်ချက်ပြီး IOL အမျိုးအစားကို ရွေးချယ်ရန်နှင့် ခွဲစိတ်မှုအစီအစဉ်ကို အတည်ပြုရန် မျက်စိအထူးကုဆရာဝန်ကြီးနှင့် အသေးစိတ်ဆွေးနွေးတိုင်ပင်ခြင်း။
ပြီးပြည့်စုံတဲ့ RLE ကုသမှုဖြစ်စေဖို့ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ပါ တိုင်ပင်ဆွေးနွေးနိုင်မယ့် Package အတွက်
ပုံမှန်စျေးနှုန်း - ၁၂,၃၅၀ ဘတ်
နိုဝင်ဘာ ၃၀ ရက်နေ့အထိ အထူးနှုန်း - ၃,၅၀၀ ဘတ်
ဤ 70% လျှော့စျေး အစီအစဉ်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ရက်ချိန်းရယူပြီး စစ်ဆေးမှုခံယူသူများအတွက်သာ ဖြစ်ပါတယ်။
ယခုကျသင့်ငွေသည် အသေးစိတ်စစ်ဆေးမှုအတွက်သာ ဖြစ်ပါသည်။ RLE ကုသမှုအတွက် ကုန်ကျစရိတ်ကို စစ်ဆေးမှုနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာ Consultant များမှ ရှင်းပြပေးသွားမှာပါ။