မျက်လုံးတစ်ဖက် (ပိုမိုအားကောင်းသောအခြမ်း) ကို အဝေးမြင်နိုင်ရန်အတွက် အပြည့်ကုသပြီး အခြားတစ်ဖက်ကို အနီးမြင်နိုင်ရန်ကုသမှာဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်မှာ အဝေးပါဝါကို အနည်းငယ်ချန်ပေးပြီး အနီးကြည့်အတွက်မျက်မှန်မလိုဘဲ ကောင်းစွာမြင်စေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် စာဖတ်ခြင်းကဲ့သို့ အနီးကြည့်ရတဲ့အလုပ်များအတွက် စာကြည့်မျက်မှန်အပေါ် မှီခိုစရာမလိုအောင် ကုသနိုင်ပါတယ်။ NV LASIK မှာ အဝေးကြည့်အတွက် ကြည်လင်ပြတ်သားမှုအနည်းငယ်ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ မျက်မှန်အပါးတစ်လက် ဆောင်ထားခြင်းက အထောက်အထူပြုဖြစ်မှာပါ။ စာဖတ်ရမှာ အခက်ပြန်ကြုံလာရတဲ့အခါမှာတော့ မျက်မှန်အသစ်တစ်စုံ ပြုလုပ်ထားဖို့လိုကောင်းလိုနိုင်ပါတယ်။