Loading...
Back
Laser Vision LASIK Center
Presbyopia (အနီးမှုန်) အတွက် Presbyopia LASIK နှင့် RLE ကုသမှုများ

 

အသက် ၄၀၊ ၄၅ လောက်ရောက်လာရင် စာဖတ်တဲ့အခါ၊ ဖုန်းကြည့်တဲ့အခါ မျက်လုံးက အရင်လို ကြည်ကြည်လင်လင်မမြင်ရတော့တာကို Presbyopia လို့ခေါ်ပါတယ်။

 

ဒါဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ လူငယ်ဘဝတုန်းကလို ကင်မရာ Autofocus လို အလုပ်လုပ်တဲ့ မျက်လုံးမှန်ဘီလူးက အသက်ကြီးလာတော့ အရင်လိုကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာကြောင့် အနီးကိုကြည့်တဲ့အခါ ကြည်လင်အောင် ချက်ချင်းမချိန်ညှိနိုင်တော့တာမျိုးပေါ့။

 


 

မျက်မှန်မတပ်ချင်သူတွေအတွက် ခေတ်မီနည်းလမ်းများ

အရင်တုန်းကတော့ အနီးကြည့်မျက်မှန်၊ နှစ်ထပ်မျက်မှန်တွေပဲ အားကိုးခဲ့ရပြီး အခုခေတ်မှာတော့ မျက်မှန်အမြဲတပ်ဖို့မလိုတဲ့ ခေတ်မီခွဲစိတ်ကုသနည်းတွေ ရှိလာပါပြီ။ အဓိကအားဖြင့် နည်းလမ်းနှစ်မျိုးရှိပါတယ်။

 

 

Presbyopia LASIK (မျက်စိလေဆာပစ်ခြင်းဖြင့် အမြင်အာရုံချိန်ညှိခြင်း)

ဒါကတော့ လူသိများတဲ့ LASIK နည်းပညာကိုသုံးပြီး မျက်လုံးရဲ့ အပေါ်ယံလွှာကို လေဆာနဲ့ ပုံဖော်ပြီး အနီးနဲ့အဝေးနှစ်မျိုးလုံး မြင်နိုင်အောင် ချိန်ညှိပေးတဲ့နည်းပါ။

 

ဘယ်သူတွေနဲ့ သင့်တော်လဲ?

✅ အသက် ၄၀ ကျော်စ၊ ၅၀ အောက် အသက်အရွယ်တွေ

✅ အနီးမှုန်တာ အရမ်းမဆိုးနေသေးတဲ့သူတွေ

✅ မျက်လုံးအတွင်းပိုင်းကို မခွဲစိတ်ချင်တဲ့သူတွေ

⚠️ ဒါပေမယ့် ဒီနည်းလမ်းက အသက်ကြီးလာရင်ဖြစ်မယ့် အတွင်းတိမ်ကိုတော့ မကာကွယ်နိုင်ပါဘူး။

 

 

RLE (မျက်လုံးမှန်ဘီလူး အသစ်လဲခြင်း)

ဒါကတော့ Presbyopia ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်တဲ့ မျက်လုံးအတွင်းက သဘာဝမှန်ဘီလူးအဟောင်းကို ဖယ်ထုတ်ပြီး၊ အနီး-အဝေး အကုန်မြင်နိုင်တဲ့ မှန်ဘီလူးအသစ်နဲ့ အစားထိုးလဲလှယ်ပေးတဲ့နည်းပါ။ အတွင်းတိမ်ခွဲစိတ်တာနဲ့ အလွန်ဆင်တူပါတယ်။

 
ဘယ်သူတွေနဲ့ သင့်တော်လဲ?

✅ အသက် ၄၅ နှစ်၊ ၅၀ ဝန်းကျင်နဲ့ အထက်ရှိသူတွေ

✅ ရေရှည်မှာပါ အဆင်ပြေနေမယ့် Solution ကိုပဲ လိုချင်တဲ့သူတွေ 

✅ နောင်တစ်ချိန်မှာ အတွင်းတိမ်ထပ်ဖြစ်မှာကိုပါ တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်ချင်သူတွေ

⚠️ ဒါကတော့ မျက်လုံးအတွင်းပိုင်းမှာ ကုသရတာဖြစ်လို့ LASIK ထက်တော့ ပိုကြီးတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။

 

Presbyopia Treatment Options: LASIK vs No-Blade RLE
Feature Presbyopia LASIK No-Blade RLE (Refractive Lens Exchange)
How it works Reshapes the cornea (monovision or multifocal corneal profile) Replaces the natural lens with an IOL (multifocal/EDOF/accommodating)
Best age range ~40–50 years 45+ years
Corrects Distance + near (via monovision or presby-LASIK) Distance, intermediate, and near (depends on IOL type)
Cataract in future Still develops later (lens remains) No cataract later (lens already replaced)
Invasiveness Corneal procedure; quick recovery Intraocular surgery
Ideal candidates Stable prescription, healthy cornea, prefer less invasive option Moderate–severe presbyopia, early lens changes, high hyperopia
Glasses dependence Often reduced; may still need readers for fine print Often minimal; many tasks glasses-free depending on IOL

 

အနှစ်ချုပ်ပြောရရင် ဘယ်ဟာ ပိုကောင်းလဲ?

 

👉🏻 RLE ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ထက် ပိုငယ်သေးသူတွေ၊ ခွဲစိတ်မှုအသေးစားပဲ လုပ်ချင်သူတွေအတွက် LASIK က သင့်တော်နိုင်ပါတယ်။

 

👉🏻 အသက်နည်းနည်းပိုကြီးသူတွေ၊ ခွဲစိတ်ပြီး နောင်ဖြစ်မယ့် အတွင်းတိမ်ကိုပါ ကာကွယ်ချင်သူတွေအတွက် RLE က အသင့်တော်ဆုံးဖြစ်နိုင်မှာပါ။ 

 

ကိုယ့်အတွက် ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲဆိုတာကိုတော့ အတွေ့အကြုံရှိတဲ့ မျက်စိအထူးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။

ကုသမှုအတွက် ရက်ချိန်းယူလိုပါက 

💬 အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။



📱 Viber (မြန်မာ): +66965426179



✉️ Messenger: m.me/100116029459253

📍 လာရောက်ရန်လိပ်စာ:
10/989 Soi Prasert Manukitch 33, Nuanchan, Bueng Kum, Bangkok 10230, Thailand

🗺️ Google Map မှာရှာရန်: https://bit.ly/Bangkok-Eye-Hospital-Map-2024

ဆေးရုံတည်နေရာ

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :