Loading...
မျက်လုံး ကျန်းမာရေး ศูนย์เลสิก LASER VISION
Back
Laser Vision LASIK Center
မျက်မှန်လေးကို Bye Bye လုပ်ချင်သူတွေအတွက် ✨ | LASIK & SMILE အကြောင်း အသေးစိတ်လေ့လာကြမယ်

မနက်အိပ်ယာနိုးတာနဲ့ ဘာအကူအညီမှမပါဘဲ လောကကြီးကို ကြည်လင်ပြတ်သားစွာ မြင်ရတဲ့ခံစားချက်မျိုးကို စိတ်ကူးကြည့်လိုက်ပါ။ အခုချိန်မှာတော့ ဒီလိုအမြင်အာရုံမျိုးကို ခေတ်မီနည်းပညာတွေနဲ့ ဘေးကင်း၊ မြန်ဆန်၊ သက်တောင့်သက်သာဖြစ်စေမယ့်နည်းလမ်းတွေနဲ့ ပိုင်ဆိုင်နိုင်ပါပြီ။

ကုသမှုမခံယူခင်မှာ မျက်စိလေဆာပစ်ခြင်းအကြောင်းကို အရင်ဆုံး အသေးစိတ်လေ့လာလိုက်ကြရအောင်။
••••••••••••••••••••••••••••••
ပထမဆုံးအနေနဲ့
🤔 အမြင်အာရုံက ဘယ်လိုအလုပ်လုပ်သလဲ? လေဆာပစ်ခြင်းက ဘယ်လိုကူညီပေးလဲ?
မျက်လုံးဆိုတာ ကင်မရာတစ်လုံးလိုပါပဲ။ 📸 ဝင်ရောက်လာတဲ့ အလင်းတန်းတွေကို မျက်ကြည်လွှာ (Cornea) ကနေတစ်ဆင့် မြင်လွှာ (Retina) ပေါ်ကို တိတိကျကျစုစည်းပေးနိုင်မှ ပုံရိပ်ကို ကြည်လင်ပြတ်သားစွာ မြင်ရတာပါ။
••••••••••••••••••••••••••••••
မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်က မမှန်ကန်တဲ့အခါမှာတော့
👁️ အဝေးမှုန်ခြင်း (Myopia)
👁️ အနီးမှုန်ခြင်း (Hyperopia)
👁️ ဆလင်ဒါပါဝါ (Astigmatism) တွေဖြစ်လာပါတယ်။
လေဆာကုသမှုဆိုတာက ဒီလိုပုံမှန်မဟုတ်တဲ့ မျက်ကြည်လွှာ (Cornea) ရဲ့ ပုံသဏ္ဌာန်ကို အနုစိတ်ပြန်လည်ညှိပေးပြီး အမြင်အာရုံကို မျက်မှန်၊ မျက်ကပ်မှန်အကူမလိုဘဲ ပြန်လည်ကြည်လင်စေတာပါပဲ။
••••••••••••••••••••••••••••••
🌟 ယနေ့ခေတ်ရဲ့ အသုံးအများဆုံး လေဆာကုသမှုနည်းလမ်း (၂) မျိုး
မျက်စိလေဆာပစ်တယ်ဆိုတာမှာ ဒီနေ့ခေတ် အသုံးအများဆုံး နည်းလမ်း (၂) မျိုးရှိပါတယ်။
1️⃣ LASIK
မျက်ကြည်လွှာအပေါ်ယံမှာ အလွှာပါးလေးတစ်ခုကို ညင်ညင်သာသာ ဖန်တီးပြီး လေဆာနဲ့ပြုပြင်ကုသတဲ့နည်းလမ်းပါ။
2️⃣ SMILE
မျက်ကြည်လွှာကို လှန်စရာမလိုဘဲ မျက်ကြည်လွှာအတွင်းပိုင်းက တစ်ရှူးစလေး (Lenticule) ကို လေဆာနဲ့ဖန်တီးပြီး အလွန်သေးငယ်တဲ့အပေါက်လေးကနေ ဖယ်ထုတ်လိုက်တဲ့နည်းလမ်းပါ။
••••••••••••••••••••••••••••••
Laser Vision မှာတော့ ဒီနည်းလမ်းတွေကို အကောင်းဆုံးဖြစ်အောင် အခုလို အဆင့်မြှင့်တင်ထားပါတယ်။ 👇
👁️‍🗨️ NanoLASIK® (AI နည်းပညာသုံး No-Blade LASIK)
သမားရိုးကျ LASIK ကို အဆင့်မြှင့်ထားပြီး ကုသရခက်တဲ့ အမြင်အာရုံအနေအထားတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံထုတ် ZIEMER FemtoLDV Z8 စက်ရဲ့ အညင်သာဆုံးစွမ်းအင် (Lowest Energy Concept) ကိုသုံးတာကြောင့် မျက်ကြည်လွှာကို အထိခိုက်နည်းပြီး အတိကျဆုံးကုသပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူပါဝင်ပြီး ကုသနေစဥ်မှာ မျက်ကြည်လွှာအတွင်းပိုင်းကို တိုက်ရိုက်စစ်ဆေးနိုင်တဲ့ (Real-Time OCT) နည်းပညာကြောင့် ဘေးကင်းမှု အမြင့်ဆုံးပါပဲ။
 
👁️‍🗨️ SMILE Pro™️ နှင့် NanoRelex®️ (No-Flap နည်းလမ်းများ)
မျက်ကြည်လွှာကို မလှန်ချင်သူတွေ၊ မျက်မှန်ပါဝါအရမ်းမများသူတွေအတွက် အထူးသင့်တော်ပါတယ်။
  • SMILE Pro™️: ဂျာမနီနိုင်ငံ ZEISS ရဲ့ Visumax 800 စက်ကိုသုံးပြီး မျက်လုံးတစ်ဖက်ကို ၈ - ၁၀ စက္ကန့်လောက်ပဲကြာတဲ့ ကမ္ဘာ့အမြန်ဆုံး SMILE နည်းပညာပါ။
  • NanoRelex®️: ဒါကလည်း ZIEMER ရဲ့ FemtoLDV Z8 စက်နဲ့ ကုသတဲ့ နောက်ထပ် No-Flap Option တစ်ခုဖြစ်ပါတယ်။

••••••••••••••••••••••••••••••

Laser Vision က ဘန်ကောက်မှာ မျက်စိလေဆာပစ်မယ့် မြန်မာလူနာတွေရဲ့ ပထမဦးစားပေး ရွေးချယ်မှု ဘာကြောင့်ဖြစ်နေရတာလဲ❓

✅ နောက်ဆုံးပေါ်နည်းပညာတွေကို တစ်နေရာတည်းမှာရရှိနိုင်ခြင်း

✅ ဝါရင့်ကျွမ်းကျင်မှုနဲ့ စိတ်ချရမှု
မျက်ကြည်လွှာနဲ့ အလင်းယိုင်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုနယ်ပယ်မှာ နှစ်ပေါင်း ၃၅ နှစ်ကျော် အတွေ့အကြုံရှိ မျက်စိအထူးကုဆရာဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး၊ နှစ် ၂၀ အထက် အတွေ့အကြုံရှိတဲ့ ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးတွေက ကုသပေးနေပါတယ်။
 
✅ လူနာအတွက် ဘေးအကင်းဆုံး၊ အကိုက်ညီဆုံးနည်းပညာကို ရွေးချယ်ပေးနိုင်မှု
လူနာတစ်ယောက်ချင်းစီရဲ့ မျက်လုံးအခြေအနေကို အသေးစိတ်စစ်ဆေးပြီးမှ ဝါရင့်ဆရာဝန်ကြီးတွေက ဘေးအကင်းဆုံးနဲ့ ရလဒ်အကောင်းဆုံးဖြစ်မယ့် နည်းပညာကို ဂရုတစိုက်ရွေးချယ်ပေးပါတယ်။
 
✅ ဘာသာစကားအခက်အခဲ မရှိခြင်း
မြန်မာဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရန် ဝန်ဆောင်မှုပေးမယ့် In-House Experience Team ရှိပါတယ်။
••••••••••••••••••••••••••••••
💡 မျက်စိလေဆာပစ်ချင်တယ်၊ ဘယ်ကစရမလဲ?
ပထမဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကတော့ "မျက်စိအသေးစိတ်စစ်ဆေးခြင်း" ပါပဲ။
စစ်ဆေးမှုပြုလုပ်ပြီးမှသာ သင့်မျက်လုံးအတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာနိုင်မှာပါ။
 
အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။
 
 

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :