Laser Vision LASIK Center
LASIK လုပ်ဖို့ ဆုံးဖြတ်ချက်ချရတာ လူတော်တော်များများအတွက် ကိစ္စကြီးတစ်ခုပါ။ မျက်လုံးပြန်ကောင်းချင်ရုံ သက်သက်မဟုတ်ဘဲ ဘေးကင်းမှု၊ နာကျင်မှုနဲ့ ရေရှည်ရလဒ်တွေကိုပါ ထည့်သွင်းစဉ်းစားရတာကိုး။ ဒီနှစ်ပိုင်းတွေမှာ "Blade-free LASIK" (ဓားမသုံးတဲ့ လေဆာကုသမှု) ဆိုတဲ့ စကားလုံးကို ရှာဖွေမှုများလာသလို၊ ဒီနာမည်နဲ့ တွဲပြီး လူပြောအများဆုံးကတော့ SMILE Pro ပဲ ဖြစ်ပါတယ်။
SMILE Pro™ 2.0 ဆိုတာ ဘာလဲ?
2026 မှာ လူပြောအများဆုံးဖြစ်လာနိုင်တဲ့ Ultimate LASIK Solution
2026 ခုနှစ်မှာ ဒီနည်းပညာက SMILE Pro™ 2.0 ဆိုပြီး နောက်တစ်ဆင့် ထပ်မံတိုးတက်လာပါပြီ။ တိကျမှု (Accuracy) ပိုမြင့်မားပြီး အမှားအယွင်းနည်းစေဖို့ ဒီဇိုင်းထုတ်ထားသလို၊ အမြင်အာရုံရလဒ်ကိုလည်း ပိုပြီး သဘာဝကျစေပါတယ်။ ဒီဆောင်းပါးမှာ Laser Vision ကနေ ဘာကြောင့် SMILE Pro နည်းပညာကို ရွေးချယ်ပြီး လူနာတွေရဲ့ အမြင်အာရုံပြဿနာတွေကို ဖြေရှင်းပေးနေသလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။
SMILE Pro™ ဆိုတာ ဘာလဲ အရင်လေ့လာလိုက်ကြရအောင်။
SMILE Pro™ဆိုတာ ဓားလုံးဝမသုံးဘဲ လေဆာနဲ့ပဲ ပြုလုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် LASIK တွေလို Cornea (မျက်ကြည်လွှာ) လှန်စရာမလိုပါဘူး။ ဆရာဝန်က Laser ကိုသုံးပြီး မျက်ကြည်လွှာအလွှာကြားထဲမှာ Lenticule လို့ခေါ်တဲ့ အလွှာပါးလေး ဖန်တီးပြီးတော့ 2 - 4 မီလီမီတာလောက်ပဲရှိတဲ့ အပေါက်ငယ်လေးကနေတဆင့် ထုတ်ယူလိုက်တာပါ။
ဒဏ်ရာအရမ်းသေးတဲ့အတွက် မျက်ကြည်လွှာဖွဲ့စည်းပုံကို ထိခိုက်မှုနည်းပါတယ်။ ဒါကြောင့် သက်သာတာမြန်ပြီး ပုံမှန် Flap Creation လုပ်တဲ့ LASIK တွေထက် Dry Eye (မျက်လုံးခြောက်ခြင်း) ဖြစ်နိုင်ချေ ပိုနည်းပါတယ်။
ဘာကြောင့် လူအများစုက SMILE Pro™ ကို ရွေးချယ်ကြတာလဲ?
SMILE Pro™လူကြိုက်များရတဲ့ အဓိကအကြောင်းရင်းကတော့ မလုပ်ခင်ကတည်းက စိတ်အေးရလို့ပါ။ ဓားမသုံးတာရယ်၊ မျက်ကြည်လွှာမလှန်ရတာရယ်ကြောင့် ပိုနာမည်ကြီးပါတယ်။ ပြီးတော့ သုံးတဲ့စက် (VisuMax 800) ကလည်း လူကို စိတ်ကျဉ်းကျပ်ပူပန်စေတဲ့ခံစားမှုမဖြစ်စေဘဲ ပွင့်လင်းတဲ့ပုံစံရှိလို့ အခန်းကျဉ်းကြောက်တတ်သူတွေ (Claustrophobia ရှိသူတွေ) အတွက် အဆင်ပြေပါတယ်။
ဒါ့အပြင် ခေတ်လူငယ်တွေရဲ့ Lifestyle နဲ့ကိုက်ညီတဲ့ အချက်တွေကတော့
Laser ပစ်တဲ့အချိန်က တစ်ဖက်ကို 8 စက္ကန့်ပဲ ကြာပါတယ် (ကြောက်တတ်တဲ့သူတွေအတွက် အဆင်ပြေဆုံးပါပဲ)။
ဒဏ်ရာ သေးငယ်လို့ ရေရှည်မှာ မျက်ကြည်လွှာ ပိုကြံ့ခိုင်စေတယ်။
Dry Eye ဖြစ်နိုင်ချေကို လျှော့ချပေးတယ်။
လုပ်ပြီးတာနဲ့ ပုံမှန် နေ့စဉ်ဘဝကို မြန်မြန်ဆန်ဆန် ပြန်သွားနိုင်ပါတယ်။
ဒါဆို SMILE Pro™ 2.0 က တိကျမှုကို ဘယ်လို ပိုကောင်းစေတာလဲ?
SMILE Pro™ 2.0 ရဲ့ အဓိကအားသာချက်ကတော့ အဆင့်တိုင်းကို ချိတ်ဆက်ထားတဲ့ စနစ်ကြောင့် Human Error မရှိသလောက်နည်းပြီး ကုသမှုရလဒ်ကို သိသိသာသာ ပိုတိကျစေတာပါ။
1. Seamless Data Transfer
မျက်လုံးစစ်ဆေးထားတဲ့ အချက်အလက် (Data) တွေကို ZEISS စနစ်ကနေတဆင့် Laser စက်ဆီကို တိုက်ရိုက်ပို့လိုက်တာကြောင့် လူက ပြန်ရိုက်ထည့်စရာ မလိုတော့ပါဘူး။
Data မှားရိုက်မိနိုင်တာမျိုး မရှိတော့ပါဘူး။
ကုသမှုအစီအစဉ်က တကယ့် မျက်လုံးပါဝါနဲ့ ထပ်တူကျစေတယ်။
ကုသမှုရလဒ်တိုင်း (Case တိုင်း) မှာ စံချိန်မီ ဖြစ်စေပါတယ်။
2. ကမ္ဘာ့အဆင့်မီ Data တွေနဲ့ ကုသမှုအစီအစဉ် ရေးဆွဲခြင်း (Integrated Planning)
လူနာရဲ့ မျက်လုံး Data ကို ကမ္ဘာတစ်ဝှမ်းက Big Data တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တွက်ချက်ပါတယ်။
လူနာတစ်ယောက်ချင်းစီအတွက် သီးသန့်ကုသမှု (Personalized Treatment) ကို စီစဉ်ပေးနိုင်တယ်။
ရှုပ်ထွေးတဲ့ Astigmatism (မျက်စိဆလင်ဒါ ပါဝါသမားများ) အတွက် ပိုတိကျတယ်။
လုပ်ပြီးနောက် ရလဒ်ကို ပိုငြိမ်ပြီး ကြည်လင်ပြတ်သားစေတယ်။
3. ကုသနေစဉ် တိကျမှုကို မြှင့်တင်ပေးသော စနစ်များ (Precision Systems)
SMILE Pro™ 2.0 မှာ Laser ပစ်နေချိန် တိကျမှုကို ထိန်းချုပ်ပေးတဲ့ Smart System တွေ ပါဝင်ပါတယ်။
CentraLign®: သူငယ်အိမ် (Pupil) အလယ်တည့်တည့်ကို ချိန်တာထက်၊ တကယ့် အမြင်အာရုံ စုစည်းတဲ့နေရာ (Visual Axis) ကို ရှာပြီး တိကျစွာ ချိန်ညှိပေးပါတယ်။
OcuLign®: ကုသနေချိန် မျက်လုံး အနည်းငယ် လည်သွားတာမျိုး (Cyclotorsion) ဖြစ်ခဲ့ရင်တောင် Laser က အလိုအလျောက် လိုက်ညှိပေးလို့ နေရာလွဲသွားတာမျိုး မဖြစ်စေပါဘူး။
Photo courtesy of Carl Zeiss Co., Ltd
SMILE Pro™ 2.0 က အရင်နည်းပညာတွေနဲ့ ဘာကွာလဲ?
နည်းပညာ
စတင်သောနှစ်
Laser စက်
အဓိက အားသာချက်
ReLEx SMILE
2011
VisuMax 500
No-Blade LASIK ၏ အစ။ အနာ 2-3mm သာရှိ။ Flap မလှန်။ တစ်ဖက်လျှင် ၂၃ စက္ကန့်ဝန်းကျင်ကြာ။
SMILE Pro™
2021
VisuMax 800
မြန်နှုန်းမြင့် 2 MHz Laser၊ တစ်ဖက်လျှင် ၈ စက္ကန့်သာကြာ။ အလိုအလျောက် ချိန်ညှိစနစ်ပါသည်။
SMILE Pro™ 2.0
2025
VisuMax 800
Digital စနစ်အပြည့်။ Cloud + Big Data ချိတ်ဆက်ထား။ CentraLign® နဲ့ OcuLign® ကြောင့် အတိကျဆုံးဖြစ်။
SMILE Pro™ 2.0 ဟာ မြန်ဆန်မှု၊ တိကျမှုနဲ့ AI-driven planning (AI စနစ်သုံး ကုသမှုပုံစံ) တို့ကို ပေါင်းစပ်ထားတဲ့ အဆင့်မြင့် LASIK နည်းပညာတစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် Laser Vision at Bangkok Eye Hospital ကို ရွေးချယ်သင့်တာလဲ?
နည်းပညာကောင်းရုံမက ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ဆေးရုံစံချိန်စံညွှန်းကလည်း အရေးကြီးပါတယ်။
Laser Vision at Bangkok Eye Hospital မှာဆိုရင် မျက်လုံးပေါင်း ၁ သိန်းကျော်ကို ကုသပေးခဲ့တဲ့ အတွေ့အကြုံရှိပြီး၊ ဆရာဝန်ကြီးများကလည်း သက်တမ်း ၂၈ နှစ်အထက် အတွေ့အကြုံရှိသူများ ပါဝင်ပါတယ်။ ဒါ့အပြင် ဆေးရုံဟာ အမေရိကန်နိုင်ငံရဲ့ AACI အသိအမှတ်ပြု လက်မှတ်ရထားပြီး နိုင်ငံတကာအဆင့်မီ ဘေးကင်းမှုနဲ့ အရည်အသွေး ရှိပါတယ်။
ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရင့်ကျက်မှုနဲ့ SMILE Pro™ 2.0 နည်းပညာ ပေါင်းစပ်လိုက်တဲ့အခါ မြင်ကွင်းရှင်းလင်းရုံသာမက ဘေးကင်းပြီး ရေရှည်စိတ်ချရတဲ့ ရလဒ်ကိုပါ လူနာတွေ ရရှိနိုင်မှာပါ။
Q : SMILE Pro™ 2.0 က ဘယ်သူတွေနဲ့ သင့်တော်လဲ?
A : အဝေးမှုန် (Myopia) သို့မဟုတ် ဆလင်ဒါပါဝါ (Astigmatism) ရှိပြီး၊ Recovery မြန်ဆန်တဲ့ နည်းလမ်းကို လိုချင်သူတွေနဲ့ သင့်တော်ပါတယ်။
Q : SMILE Pro™ 2.0 လုပ်ရတာ နာလား?
A : လုပ်နေစဉ်မှာ ထုံဆေးခတ်ထားလို့ မနာပါဘူး။ လူနာအများစုက ဖိထားသလိုမျိုး အနည်းငယ်ပဲ ခံစားရပြီး အချိန်လည်း ခဏလေးပဲ ကြာပါတယ်။
Q : လုပ်ပြီးရင် ဘယ်လောက်ကြာကြာ အနားယူရမလဲ?A : အများအားဖြင့် ၁ - ၂ ရက်အတွင်း ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်နိုင်ပါပြီ။
SMILE Pro™ 2.0 ဗီဒီယိုကို ကြည့်ရှုရန်
*ဗီဒီယို မပေါ်ပါက ဒီနေရာကို နှိပ်ပါ
2026 အတွက် အကောင်းဆုံး Flapless, Blade-free LASIK ကို ရှာနေတယ်ဆိုရင်...
Corneal & Refractive Surgery Specialist တွေနဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာက SMILE Pro™ 2.0 နဲ့ ကိုယ်နဲ့ သင့်တော်မှု ရှိမရှိ သိနိုင်သလို၊ စိတ်အချရဆုံး LASIK နည်းလမ်းကို ရွေးချယ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
ရက်ချိန်းယူရန် / ကျွမ်းကျင်သူများနှင့် တိုင်ပင်ရန်
📞 Call Center : 02-511-2111
Chat on Viber
🏥 ဆေးရုံဖွင့်ချိန် : နေ့စဉ် မနက် 08:00 မှ ည 20:00 ထိ